-
ကဲရ်မြန်မာ၏ “TOWARDS BETTER LIFE” မှတ်တမ်း ဗွီဒီယိုမိတ်ဆက်
မတ်လ ၈ ၂၀ဝ၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ကဲရ်မြန်မာမှ ငြိမ်းချမ်းသာယာသော ဘဝဆီသို့ ဆိုသည့် ဗွီဒီယိုအား မိတ်ဆက်ပေးရန်ဖြစ်ပါသည်။ ဤဗွီဒီယိုမှ အမျိုးသမီးများနှင့် အမျိုးသားများပူးပေါင်း၍အကြမ်းဖက်မှုများကို ရပ်တန့်ရန် မည်ကဲ့သို့ဆောင်ရွက်ကြမည်နှင့် ပတ်သက်၍ အမြင်ဖွင့်ထားခြင်းဖြစ်ပါသည်။ ကျားမရေးရာတန်းတူညီမျှခြင်း မဖြစ်ရသည့် အကြောင်းအရင်းများတွင် အဆိုးဝါးဆုံးသောအချက်မှာ ကျား၊ မ အခြေပြု အကြမ်းဖက်ခြင်းများရှိနေခြင်းကြောင့်ဖြစ်သည်ဟု သုတေသနများ၌ ဖော်ပြကြပါသည်။ ဤသို့သော အကြမ်းဖက်မှုများသည် သြစတေးလျနိုင်ငံ၊ မြန်မာနိ်ုင်ငံနှင့် အခြားသောနိုင်ငံများတွင်လည်း မြင့်မားနေသည်ဟု သုတေသနများတွင် တွေ့ရှိထားပါသည်။ ဤဗွီဒီယိုတွင် အမျိုးသမီးများအနေဖြင့် ကျား မ အခြေပြုအကြမ်းဖက်ခြင်းများနှင့် ပတ်သက်၍ ဖွင့်ပြောကြရန်၊ တရားမျှတမှုများကို ဥပဒေရေးရာများမှတစ်ဆင့် ရှာဖွေနိုင်ရန်၊ အမျိုးသမီးများ၏ ခေါင်းဆောင်မှုများကို မြှင့်တင်ရန်နှင့် အမျိုးသားများနှင့် ယောင်္ကျားလေးများအား ပြောင်းလဲသူများဖြစ်လာစေရန် စသည်တို့အတွက် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်နိုင်ရန်…
-
အပြုအမူပြောင်းလဲခြင်းဆိုရာ ဆက်သွယ်ချက် အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပပြုလုပ်
အပြုအမူပြောင်းလဲခြင်းဆိုင်ရာ ဆက်သွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို အောက်တိုဘာလ ၂၁ ရက် နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ၄င်း ဆွေးနွေးပွဲ Emma Carter (အပြုအမူပြောင်းလဲခြင်းဆိုင်ရာ ဆက်သွယ်ရေး အရာရှိ) မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည် ။ ၄င်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက် ရှိသော ကျား/မ ဖြစ်တည်မှုအပေါ်အခြေခံပြီး အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည်ဖြစ်ရာ ၄င်းဖြစ်ရပ်များဖြစ်စေသည့် လူတို့ အပြုအမူတို့ကို ပြောင်းလဲစေရာ စည်းရုံးလှုံ့ဆော်မှု တစ်ခုပြုလုပ်ရန် ဆွေးနွေးခြင်းဖြစ်ပါသည် ။ ဆွေးနွေးပွဲတွင် ကဲရ်မြန်မာမှ အကောင်အထည်ဆောင်ရွက်လျက်ရှိသော Norad နှင့် ANCP စီမံချက်များတွင် ကျား/မ ဖြစ်တည်မှုပေါ်အခြေခံပြီး အကြမ်းဖက်မှုများ ကို ကာကွယ်တားဆီးရန် အတွက်…